Sunday 26 February 2012

အကျင့်ပျက် အိန္ဒိယအလုပ်သမားတိကို မြို့တွင်းသို့ ၀င်ခွင့်မပြု

ရခိုင်ရိုးမ (Wednesday, February 22, 2012)


ကျောက်ဖြူစီမံကိန်းတိမှာ လုပ်ကိုင်နိန်ကတ်တေ အိန္ဒိယလုပ်သားတိ (ဓါတ်ပုံ - ရခိုင်းရိုးမ)

ကျောက်ဖြူ(ရခိုင်ရိုးမ)။ ။ကျောက်ဖြူမြို့က စီမံကိန်းတိမှာ အလုပ်လုပ်ကိုင်နိန်ကတ်တေ အိန္ဒိယနိုင်ငံသား အလုပ်သမားတိကို မြို့တွင်းသို့ ၀င်ခွင့်မပြုကြောင်း သတင်းရရှိပါသည်။
အိန္ဒိယနိုင်ငံ (DDIL Co.,ltd) ( Punj LIoyd ) ကုမ္ပဏီက ၀န်ထမ်းတိရေ မြို့တွင်းမှာ သောက်စားမူးယစ်မှုတိ မဖွေမရာတိ လုပ်ကတ်တေအတွက် သက်ဆိုင်ရာက မြို့တွင်းသို့ ၀င်ခွင့်မပြုကြောင်း သိရပါသည်။

ပြီးခရေ လ အတွင်းက ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် အိန္ဒိယအလုပ်သမားတိကို မြို့ပြင်သို့ ပြောင်းရွှိ့ဖို့ ညွှန်ကြားစာ ထုတ်ခကေလေ့ တစ်ချို့က လိုက်နာမှုမရှိဘဲ ဆက်နိန်ရေအတွက် ဒုတိယအကြိမ် မြို့ပြင်သို့ ပြောင်းရွှိ့နီထိုင်ဖို့ ညွှန်ကြားချက် ထုတ်ထားခြင်း ဖြိုက်ပါသည်။

“မြို့တွင်းမှာ တခြားလူမျိုးတိတော့ လားလာလို့ရပါရေ၊ အိန္ဒိယနိုင်ငံသားတိကိုရာ အ၀င်အထွက် မရှိစွာ၊ အဂု သူရို့အတွက် သီးသန့်မြို့ပြင်မှာ လိုင်တန်းနန့် ထားပါရေ’’ လို့ ကျောက်ဖြူမြို့ခံ တစ်ယောက်က ပြောပါသည်။

ယင်းအိန္ဒိယနိုင်ငံက အလုပ်သမားတိရေ မြို့တွင်းမှာ အိမ်ငှားပြီး နိန်ကတ်တေခါ သောက်စားမူယစ်ခြင်း၊ မလိုက်ခြင်း စရေ မဖွေမရာတိကို လုပ်နိန်ရေအတွက် မြိုပြင်မှာ နိန်ထိုင်ခွင့်ပီးလိုက်ခြင်းဖြိုက်ကြောင်း သိရပါသည်။

“ဒေ အိန္ဒိယက ကုလားတိ ကောင်းဆိုးရေ တခြားနိုင်ငံက အလုပ်သမားတိနန့် မတူ သောက်စားမူးယစ် အမျိုးမျိုးလုပ်တေ၊ ယင်းကြောင့် ဒေသခံတိလည်း အမြင်မကြည်ကတ်” လို့ ယင်းဒေသခံက ဆက်ပြောပါသည်။

အိန္ဒိယနိုင်ငံသားတိရေ ဓာတ်ငွေ့ပိုက်လိုင်းတိမှာ ပိုက်ဆက်လုပ်ငန်း၊ ရီတိမ် ရီလမ်းကြောင်းရှင်းလင်းခြင်းလုပ်ငန်း တိကို လုပ်ကိုင်နိန်စွာ ဖြိုက်ပြီး သာမန်ဝန်ထမ်းတစ်ဦး၏ လစာနှုန်းထားမှာ ဒေါ်လာ ၃၀၀ ရှိကြောင်း သိရပါသည်။

ကမ်းလွန်ဓာတ်ငွေ့ လုက်ကွက်တိကနိန် သွယ်တန်းလာရေ ပိုက်လိုင်းလမ်းကြောင်းတိကို ယင်း အိန္ဒိယကုမ္ပဏီက ဆောင်ရွက်နိန်ခြင်း ဖြစ်ပါသည်။

ဓာတ်ငွေ့ပိုင်လိုင်းသွယ်တန်းလုပ်ငန်းတိမှာ MGC Construction Co.,Ltd ၊ ကိုရီးယား အခြေစိုက် Kunchong E & C Co.,Ltd ၊ V Pile Co.,Ltd ၊ Soo-Pin Carane Service Co.,Ltd နှင့် Punj Lloyd PTE Co.,Ltd ကုမ္ပဏီတိက လုပ်နိန်ကတ်စွာဖြိုက်တေလို့ သိရပါသည်။

အဂုအခါ ယင်းအိန္ဒိယအလုပ်သမားတိကို ကျောက်ဖြူမြို့နယ် ပျားတဲအိမ်ရာ စီမံကိန်းဘက်မှာရာ နိန်ထိုင်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment